Seven Swords(2022)မြန်မာစာတန်းထိုး
ရှန့်ကူနတ်တိရစ္ဆာန်ချီလင်ဟာ ရွှမ်းယွမ်၊ ချိန်ယင် စသည့်မိစ္ဆာနိုင်ဓား ၇ ချောင်းကို ထုလုပ်ခဲ့ပြီး လူ့ပြည်မှကျင့်ကြံသူ ၇ ဦးကို ဓားသခင် ၇ ဦးအဖြစ် ပေးအပ်ခဲ့သည်။တစ်ချိန်တည်းမှာပဲ ချန်ရှိမြိုတွင် နှစ်တစ်ထောင်ခန့်
ကျင့်ကြံခဲ့သော မြွေမိစ္ဆာတစ်ကောင်ကသူမ၏စွမ်းအင်တိုးပွားစေရန်အတွက် သက်ရှိတွေကို အန္တရာယ်ပြုခဲ့ပါတယ်။ဓားသခင် ၇ ဦးတိုဟာ လူ့ပြည်ငြိမ်းချမ်းရေးအတွက်
မြွေမိစ္ဆာကို တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။နှစ် ၅၀၀ ကြာပြီးနောက် ချိန်ယင်ဓားသခင်ကဖမ်းဆီးထားခြင်းကို အားဖြည့်ပေးနေစဉ် မြွေမိစ္ဆာကအခွင့်ကောင်းယူပြီး ဖမ်းဆီးရာမှ လွတ်မြောက်သွားခဲ့ပါတယ်။ချိန်ယင်ဓားသခင်ဟာ သူ့ရဲ့ စီးတော်မြည်းကိုချိန်ယင်ဓားနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ရန် အသက်ပေးကာကွယ်ပေးခဲ့သည်။ဖုန်းယွင်အရက်ဆိုင်မှ စားပွဲထိုးလေး လော့ရှောင်ထျန်းသည်အရက်ပိုပေးသည့်လမ်းတွင် ထိုမြည်းနှင့် တွေ့ခဲ့ပြီးချိန်ယင်ဓား ၏ရွေးချယ်ခြင်းကို ခံလိုက်ရသည်။ထိုအချိန်မှစပြီး ပြဿနာမျိုးစုံနှင့် ကြုံတွေ့ရပါတော့သည်။လော့ရှောင်ထျန်းတစ်ယောက် ဘယ်လို ပြဿနာတွေနဲ့ တွေ့ကြုံရမလဲ……မြွေမိစ္ဆာကိုရော ဘယ်လို တိုက်ခိုက်ကြမလဲ……ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။
Tags
2022
