You Are The Apple Of My Eyes(2011)MM Sub


You Are The Apple Of My Eyesမြန်မာစာတန်းထိုး

အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်…ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်…ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ တရားကျဖူးခဲ့ကြမယ်…အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ….တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်…တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်…


.ချစ်ခြင်းလဲအတူတူပါပဲ…သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး….သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်…အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး…စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော…ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ… ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။IMDb Rating (7.7) ရရှိထားတဲ့ ထိုင်ဝမ်အချစ်ဇာတ်ကားစစ်စစ်လေးပါ။




Previous Post Next Post

GENRES