JUNG_E(장이) မြန်မာစာတန်းထိုး
၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါ ဦးတည်လာပါတော့တယ်။
![]() |
ဂျောင်အီ ဆိုတာကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့မှူးပါ။ ကံမကောင်းစွာပဲ သူဟာ ဦးနှောက်ပုံတူပွားခြင်း သုတေသနတစ်ခုမှာ စမ်းသပ်ခံတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒီသုတေသနသာအောင်မြင်ရင် စစ်ပွဲကြီးကို အနိုင်နဲ့ ပိုင်းနိုင်မှာဖြစ်တဲ့အတွက် သုတေသနမှူးတွေဖြစ်တဲ့ ဆောဟျွန်း နဲ့ ဆန်းဟွန်းတို့ကလည်း အစွမ်းကုန် ကြိုးစားအားထုတ်ကြတယ်။
ဒီလိုနဲ့ ဦးနှောက်ပုံတူပွားခြင်း နဲ့ တိုက်ခိုက်ရေးစွမ်းရည်မြင့်တဲ့ AI စက်ရုပ် တီထွင်ဖို့ အထိပါ ကြိုးစားလာကြတဲ့အခါ …သုတေသနမှူးတွေရဲ့ ကြိုးစားအားထုတ်မှုက တကယ်ပဲ အောင်မြင်လာမှာလား?
ကံမကောင်းအကြောင်းမလှစွာနဲ့ စမ်းသပ်ခံဖြစ်သွားရရှာတဲ့ တပ်ဖွဲ့မှူး ဂျောင်အီတစ်ယောက်ကော စမ်းသပ်ခံဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလား?
စစ်ပွဲကြီးကကော ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်ကြစို့နော်
________________________________
________________________________
________________________________
________________________________
________________________________
Watch Online
Tags
2023
