The Pale Blue Eye 2023

အ​စောပိုင်း
တစ်​ခေတ်တစ်ခါက နယူး​​ယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့
စုံ​ထောက်ကြီးလန်​ဒေါဟာ တချို့​​သောကိစ္စ​တွေ​ကြောင့် မြို့​လေး
တစ်မြို့မှာ ဇာတ်မြုပ်​နေထိုင်​နေတာပါ။ ဒါ​ပေမဲ့ သူရှိရာ မြို့မှာပဲ
ထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ​ ရောက်လာခဲ့ပါတယ်။
ထိုမြို့​လေးရှိ စစ်သင်တန်း​ကျောင်းမှ ဗိုလ်​​လောင်းတစ်​ယောက်
ကြိုးဆွဲချ​သတ်​သေပြီး​တော့မှ အ​လောင်းထဲက နှလုံးကို ခိုးယူခံ
လိုက်ရတာပါ။

စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့သဲလွန်စ​တွေကို စုံစမ်းလာရင်း
​သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ
ဖြစ်​ကြောင်း သိလာရပြီး ထို​ကျောင်းမှ ကဗျာရူးစာရူး ဗိုလ်​လောင်း
အီး.​​အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက်
များစွာနက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ပတ်သက်​နေမှန်း သိသွားကြပါတယ်။
ထိုကဗျာရူး ဗိုလ်​လောင်းဆိုသည်မှာ တခြားသူမဟုတ်.. ​နောင်အခါ
Edgar Allen Poeဆိုသည့် နာမည်​ကျော်စာ​ရေးဆရာကြီး ဖြစ်လာ
မယ့်သူပါ။လန်​ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်​အောင် ​ဖော်ထုတ်နိုင်ကြမလား၊
တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှု
များစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ​ကော်ဖီ
တစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံ​ထောက်ဇာတ်ကား​ကောင်း
တစ်ခုပဲဖြစ်ပါတယ်။

Previous Post Next Post

GENRES