Wolf Warrior II(2017)
စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။
အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ရုံဝင်ငွေ ၃.၃၉ ဘီလျံယွမ် ရရှိခဲ့ကာ အအောင်မြင်ဆုံး တရုတ် ဇာတ်ကားဖြစ်ခဲ့သည့် The Mermaid နှင့် ၂.၅၇ ဘီလျံယွမ် ရရှိခဲ့သော Furious 8 တို့ကို ကျော်ဖြတ်ကာ သရဖူဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
________________________________
________________________________
________________________________
________________________________
________________________________
________________________________
________________________________
Tags
2017
