In Our Prime (2022)

In Our Prime (2022)



ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ 




မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ဟာ သူ့ အတန်းဖော်တွေနဲ့ မတူညီတဲ့ လူမှုရေး နောက်ခံကြောင့် အံဝင်ခွင်ကျ ဖြစ်မနေခဲ့ပါဘူး။ ကျောင်းရဲ့ လုံခြုံရေး အစောင့်တစ်ဦးဖြစ်တဲ့ Hak Sung ဟာ သင်္ချာဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပြီးတော့ မြောက်ကိုရီးယားမှ ပြောင်းလာခဲ့တဲ့သူတစ်ဦးဖြစ်ပြီး အခုချိန်မှာ သူဟာသူ့ရဲ့ အတိတ်ကို ပိတ်လှောင်ကာ နေထိုင်နေပါတယ်။Ji Woo တစ်ယောက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေများလှတာကြောင့် သင်္ချာဘာသာရပ်မှာ လက်လျှော့ဖို့အထိ စဉ်းစားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အမှတ်မထင် Hak Sung နဲ့သိခွင့်ရပြီး သူ့ကို သင်္ချာသင်ပေးဖို့ တောင်းဆိုကြည့်လိုက်တဲ့အခါမှာတော့ …

File Size : 1.8GB
Quality : 1080p
Format : mp4
Duration : 1hr & 57mins
Genre : Drama
Country:  South Korea












Previous Post Next Post

GENRES