Tales of Nobody (2023)
အတိတ်နဲ့လက်ရှိကြားက လက်ရှိကြားကစည်းကို ဖြတ်ကျော်သွားခဲ့တဲ့ မိန်းကလေးအီဆွန်း
မိခင်ရဲ့အကြိမ်ကြိမ်နောက်အိမ်ထောင်ပြုမှုတွေကြားကနေ ခြောက်ယောက်မြောက်ဖခင်ပါ ရရှိလာခဲ့တဲ့ အီဆွန်းကတော့မိခင်ပျောက်ဆုံးသွားပြီးတဲ့နောက် ဘဝကြီးကို ရေစုန်မြောရင်း နေထိုင်လာခဲ့သူပါ။
သူ့မိခင်နဲ့မတူအောင် မိခင်ကောင်း ဇနီးကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီးသူ့ရဲ့ဘဝကြီးကို အဘက်ဘက်ကနေ ပြောင်းလဲခဲ့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။
ဒီလိုနဲ့ တစ်ခဏတာပျော်ပါးတတ်တဲ့ အချစ်နဲ့ပဲ တွေ့ဆုံရဖန်များလာတဲ့ အီဆွန်းဟာနောက်ဆုံးမှာ သူ့ရဲ့ဘဝကြီးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ ကံကြမ္မာရဲ့အခွင့်အရေးပေးမှုကြောင့် အီဆွန်းတစ်ယောက် အတိတ်နဲ့လက်ရှိကြားကစည်းကို ဖြတ်ကျော်ပြီးသူ့ရဲ့ဘဝကြီးကို ပြန်လည်ကြည့်ရှုသုံးသပ်ခွင့် ရသွားခဲ့တဲ့အခါမှာတော့…ဘာတွေ ဆက်ဖြစ်လာမလဲ။သူဟာတကယ်ပဲ ဘဝကြီးကို အရှုံးပေးလိုက်တော့မှာလား…ဒါမှမဟုတ် ဘယ်လိုအပြောင်းအလဲတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာ
အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကတော့ Rollacosta ထဲကမင်းသမီး Jeong Ga-Eun နဲ့ မင်သား Kwak Pil Je တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Genre….. Fantasy, Romance
Quality…. 720p
File size… 693MB
Format… mp4
Duration…. 1h 39min
Subtitle…. Myanmar Subtitle (Hardsub)
Country.... South Korea

