You People (2023)

You People (2023)



အခုဇာတ်ကားကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ 



ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie Murphy တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားပြီး The X-Files စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား David Duchovny လည်းပါပါတယ်။ နောက် ဒီကားရဲ့အလှတရားအနေနဲ့တော့ တော်တော်ချစ်ဖို့ကောင်းတဲ့ Molly Gordon လေးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Size – 2.2GB
Quality – 1080p
IMDb Rating – 5.5/10
Format – mp4
Duration – 1H 57Min
Genre – Comedy, Romance
Subtitle – Myanmar Subtitle (Hardsub)
Country - United States












Previous Post Next Post

GENRES