RRR (2022)မြန်မာစာတန်းထို
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အေးဆေးနေတတ်ကြပေမယ့် ကိုယ့်အမျိုးအနွယ်ကိုယ် မျက်ကွယ် မပြုတတ်တဲ့ ဂွန်းလူမျိုးတွေဟာ ကလေးမလေးကို ပြန်ခေါ်ဖို့အတွက် ရွာရဲ့ မုဆိုး ဘင်းမ်ကို ဒေလီထိ သွားဖို့ စေလွှတ်ခဲ့ပါတယ်ဗျ။ ဘင်းမ်ဟာ ဒေလီမှာ လှုပ်ရှားနေရင်း ရာမာရာဂျူးဆိုတဲ့ လူတစ်ယောက်နဲ့ ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ်။ ရာမာရာဂျူးကတော့ ဘင်းမ်ကို ဖမ်းဖို့ တာဝန်ပေးအပ်ခံထားရပြီး ရက်စက်ပြတ်သားကာ လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့ပုလိပ်အရာရှိတစ်ယောက်ပဲဖြစ်ပါတယ်ဗျ။ သူတို့ဟာ တစ်ယောက်အကြောင်းတစ်ယောက် အမှန်ကိုမသိဘဲ ခင်မင်နေရာကနေ တစ်နေ့မှာတော့…။ ဒီ RRR ရုပ်ရှင်ဟာဆိုရင် Baahubali ရုပ်ရှင်တွေနဲ့၊ နှစ်ဘဝကလဲ့စားလို့ လူတွေသိကြတဲ့ Magadheera ရုပ်ရှင်တို့လို ခမ်းခမ်းနားနား သမိုင်းနောက်ခံ စိတ်ကူးယဉ်ရုပ်ရှင်တွေကို အကောင်းဆုံး ပုံဖော်ရိုက်ပြတတ်တဲ့ ဒါရိုက်တာကြီး S. S. Rajamouli ကိုယ်တိုင် ရိုက်ကူးထားတဲ့ အကြီးစား Blockbuster ရုပ်ရှင်ကြီးပဲဖြစ်ပါတယ်ဗျ။ ဒီရုပ်ရှင်ဟာလည်း အိန္ဒိယနိုင်ငံရဲ့ ၁၉၂၀ ဝန်းကျင် ကိုလိုနီခေတ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ထုံးစံမပြတ် သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ရာမာရာဂျူးနဲ့ ကိုမူရမ်ဘင်းမ်တို့ဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ ဂန္တဝင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေဖြစ်ကြပါတယ်ဗျ။ ဒီခေါင်းဆောင်ကြီးနှစ်ယောက်ဟာ အပြင်လောကမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခြင်း မရှိခဲ့ကြပေမဲ့ ဒါရိုက်တာကြီး Rajamouli က Once Upon a Time in Hollywood လိုမျိုး အပြင်လောကနဲ့မတူတဲ့၊ ဒီ ခေါင်းဆောင်ကြီးနှစ်ဦး ညီအစ်ကို အရင်းတွေလို ခင်မင်ခဲ့ကြတဲ့ Alternate Story တစ်ခုကို အလှပဆုံးဖြစ်အောင် ပုံဖော်ရိုက်ကူးပြထားခဲ့ပါတယ်။ ဒီ ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ နေရာမှာ သရုပ်ဆောင်တဲ့သူတွေကလည်း ဘိုင်ရာဗာမင်းသား Ram Charan နဲ့ NTR တို့လို နာမည်ကြီးမင်းသားတွေ ဖြစ်နေတဲ့အပြင် မင်းသားကြီး Ajay Devgn နဲ့၊ မင်းသမီးလေး Alia Bhatt တို့လို Bollywood ရဲ့ ဒိတ်ဒိတ်ကြဲတွေကလည်း ဧည့်သည်သရုပ်ဆောင်တွေအဖြစ် ဝင်ရောက်အားဖြည့်ပေးထားတဲ့အတွက် အိန္ဒိယရုပ်ရှင်ချစ်သူတိုင်း လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းကြီးတစ်ကားပဲဖြစ်ပါတယ်ဗျ…။
________________________________
________________________________
________________________________
________________________________
________________________________
________________________________
________________________________
Tags
2022

Direct Download Link