The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင်ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီအားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းကကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားကသူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ်
ဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက်
မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ်
ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို
ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့
ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ်ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက
ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး
ဝူခုန်းကိုပျော်ရွှင်အောင်ထားပေးနဲ့ သူငယ်ချင်းတွဖြစ်လာရောနောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ်ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားကဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာလက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ်အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရင်းလေးတွေကိုတော့ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် ..
________________________________
________________________________
________________________________
________________________________
________________________________
________________________________
________________________________
Tags
2022
