Tang And Me(2022)MM Sub

Tang And Me(2022)မြန်မာစာတန်းထိုး


နည်းပညာတွေ တိုးတက်မြင့်မားလာပြီး အနာဂတ်နဲ့ မဝေးတော့တဲ့ကာလမှာ လူသားတွေရဲ့ နေ့စဉ်ကိစ္စတွေကို အကူအညီပေးဖို့ လှပကျော့ရှင်းတဲ့ စက်ရုပ်တွေလည်း ကိုယ်စီကိုယ်စီရှိနေကြပါပြီ။ ဒီလိုခေတ်ကြီးထဲမှာ တန်ဂ်ဆိုတဲ့ ဟောင်းဟောင်းနွမ်းနွမ်း ရိုးရိုးယဉ်ယဉ်စက်ရုပ်လေးဟာ စက်ရုပ်တွေမှာမရှိတဲ့ စိတ်ခံစားချက်တွေရှိနေပါသတဲ့။

တစ်နေ့ ကန် တို့မိသားစု အိမ်နောက်ကခြံလေးကို စက်ရုပ်လေးတန်ဂ် ရောက်လာတယ်ပေါ့နော်။ ကန် ဆိုတာက အလုပ်သင်ဆရာဝန်လုပ်ရင်း အကြောင်းကိစ္စတစ်ခုကြောင့် ဆေးပညာလောက ကနေ အနားယူပြီး အလုပ်မလုပ်ဘဲ အိမ်မှာပဲတစ်နေကုန် ဂိမ်းဆော့အချိန်ဖြုန်းနေသူပါ။ဇနီးဖြစ်သူ အဲမီဟာ ရှေ့နေအလုပ်လည်းလုပ်၊ အိမ်အလုပ်လည်းလုပ်ပြီး မိသားစုကိုဦးဆောင်နေသူ၊ ခင်ပွန်းသည်ကိုလည်း အလုပ်လေးတစ်ခုလောက်ဖြစ်ဖြစ် လုပ်စေချင်သူပေ့ါ။ကန် တစ်ယောက် အလုပ်အင်တာဗျူး မသွားတာကို အဲမီသိသွားတဲ့အခါမှာ‌တော့ စိတ်ဆိုးပြီး အိမ်ကမောင်းချလိုက်ပါတော့တယ်။
ဒီလိုနဲ့ အဲမီ စိတ်ဆိုး‌နေတာချော့ဖို့ သူမ လိုချင်တဲ့ စားဖိုမှူးစက်ရုပ်ကို တန်ဂ်နဲ့ လဲလှယ်ယူဖို့ဆိုပြီး ကန်နဲ့တန်ဂ်တို့ ခရီးကို စတင်ခဲ့ပါတော့တယ်။
လမ်းခရီးမှာဘာတွေဆက်ဖြစ်ကြမလဲ?
တန်ဂ်ရဲ့ ပုံပြင်ကရောဘယ်လိုမျိုးလဲ? စတာတွေကို ပေါ့ပေ့ါပါးပါးလိုက်ပါခံစားလို့ရမယ့်အပြင် စက်ရုပ်နဲ့လူသားကြားက သံယောဇဉ်ကို သေချာတွေ့မြင်နိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။



Previous Post Next Post

GENRES