The Best Offer(2013) MM Sub

The Best Offer(2013)

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။


 ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကိုသူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင်တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ…..ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့်တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှအတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါကြောင်း။
Crime , Drama , Mystery



Previous Post Next Post

GENRES