Blank Canvas (2020)
==================
အမေရိကန် အမျိုးသမီး နှင်းလျှောစီးသူ Elena Hight ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ နာရီဝက်စာ ဒိုကူလေးတစ်ပုဒ်ဖြစ်ပါတယ်။
အိုလံပစ်နဲ့ X Games ချန်ပီယံဆုရှင်ကြီးရဲ့ ပြိုင်ပွဲနယ်ပယ်က နုတ်ထွက်ပြီးတော့၊ သဘာဝအတိုင်း ရှိနေတဲ့ လူဝေးသူဝေး နှင်းတောင်တွေ ရှိရာအရပ်တွေကိုသွားပြီးfreeriding နယ်ပယ်ထဲကို ဘယ်လိုဝင်ဖြစ်ခဲ့ပုံတွေ ဒီလို စွန့်စားဖြစ်သူ့ကို ဘာတွေက တွန်းအားပေးခဲ့၊အားဖြစ်စေခဲ့လဲဆိုတာတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ရေခဲတောင်တွေပေါ်မှာ နှင်းလျှောစီးပြတာတွေကိုလည်း ဒီကားလေးထဲမှာ လှလှပပမြင်တွေ့ရမှာပါ။
Tags
2020
