Mad Heidi (2022)
ဇာတ်ကားလေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင်ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။
တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ?ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။
Size : 1.9GB
Quality : 1080p
Format : mp4
Duration : 1hr 32mins
Genre : Thriller
Country : Switzerland
Tags
2022
