Off Truck (2022)

Off Truck(2022)

ကလေးတစ်ယောက်မိခင် လီဆာဟာ စံထားရလောက်တဲ့ မိခင်တစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။ ဘဝကို ရေလိုက်ငါးလိုက်ဖြတ်သန်းနေတဲ့၊ အလုပ်မရှိအကိုင်မရှိ အချိန်ပြည့် အရက်ပဲသောက်နေတဲ့ လမ်းဆုံးလုနီးပါး အမျိုးသမီးတစ်ယောက်ပေါ့။သူနဲ့ ဆန့်ကျင်ဘက်ကတော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဒန်နီယမ်ပါ။ သူကတော့ အသက်လတ်ပိုင်းအရွယ် အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ဘဝရည်မှန်းချက်ကြီးသူ… အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။ ဒါ့အပြင် သူဟာ ကီလိုမီတာ ၉၀ တာအဝေးရှိတဲ့ ဗာဆာနှင်းလျှောစီးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့နှင်းလျှောစီးသူ တစ်ယောက်ပါ။ဒန်နီယမ်ဟာ ညီမဖြစ်သူ လီဆာ ဒုက္ခရောက်တိုင်းလည်း ကူညီရသူပါ။ တစ်နေ့တော့ အိမ်ပေါ်ကို ၃ လလောက်‌ ခေါ်တင်ထားရမယ့်အခြေအနေထိ ရောက်လာပါတယ်။ ဒီလိုနဲ့ ဒန်နီယမ်ဟာ မှိုင်တွေနေတဲ့ သူ့ညီမကို စိတ်ပြေလက်ပျောက် နှင်းလျှောစီးခေါ်သွားခဲ့ပါတယ်။


အစကတော့ လီဆာဟာ ဒီအားကစားကို တစ်စက်လေးမှ စိတ်မဝင်စားခဲ့ပါဘူး။ သို့ပေမယ့် သမီးဖြစ်သူ အယ်ဗီရာက ဒါကို သဘောကျမှန်း သိလိုက်ရတဲ့အခါမှာ သားသမီးရဲ့ အသိအမှတ်ပြုမှုကို ရချင်နေတဲ့ မိခင်တစ်ယောက်တဲ့ စိတ်ဓာတ်တို့ ဟုန်ကြွလာပြီး လီဆာဟာ ဗာဆာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…အချိန် ၃ လပဲလိုတော့တဲ့ ဒီပြိုင်ပွဲအတွက် အစ်ကိုဖြစ်သူရဲ့ အကူအညီကို ရယူရင်း လီဆာတစ်ယောက် သူ့ရဲ့ ပန်းတိုင်ကို ရောက်နိုင်ပါ့မလား… ဆက်သာကြည့်လိုက်ကြပါခင်ဗျာ။

Size – 1.4GB
Quality – 1080p
IMDb Rating – 6.1/10
Format – mp4
Duration – 1H 48Min
Genre – Comedy
Subtitle – Myanmar Subtitle (Hardsub)
Country -Sweden


Previous Post Next Post

GENRES